Saturday, December 31, 2011

NLD Party's Charity Music Concert


NLD Party's Charity Music Concert from Htoo Tay Zar on Vimeo.

Tuesday, July 19, 2011

အာဇာနည်နေ. ၂၀၁၁ (ကဗျာ)

Sunday, April 10, 2011

Recitation of Poems (NLD)

Monday, March 21, 2011

“အချိန်တန်ရင် အိမ်ပြန်ကြတာပေါ့”

ဘယ်နှစ်ရာသီ ဘယ်နှစ်မိုးတိုင်ခဲ့ပီလဲ
ဇူးရေ

သိမ်းထုပ်ထားခံရတဲ့ ဆန္ဒချိုချိုတွေ
မှိုများလိုက်နေပီလားဟယ်

ဆောင်းမရှိတဲ့ကျွန်းမှာ
နင်ဘဝရော ချိန်သားကျရဲ့လား
သူငယ်ချင်းရေ.....

ဖြစ်ချင်တာနဲ့ဖြစ်သင့်တာ
အချိုးအစား ဘယ်တုန်းကမှ
မမျှတခဲ့ဘူးလေ။

ကံတရားက ငါတို့မှ
မွဲ မွဲနိုင်လွန်းတယ်ဟယ်
ဒီခေတ်တစ်ခုမှာမှ ငါတို့က
လူစဖြစ်ခဲ့ရတာကိုး
မိဝေးဖဝေးဆိုတာကိုက
ခေါက်ရိုးကျိုး ဘဝလေများလား။

ခေတ်တွေ စနစ်တွေ
ငါတို့နားမလည်တဲ့ဘာညာဗေဒတွေနဲ့
ခပ်ဝေးဝေးကသာနေလိုက်တော့
သေချာတာက
အချိန်တစ်ခု မှာ ငါတို့အိမ်ပြန်ကြမယ်ဆိုတာပဲ။

အနောက်ကိုလျှောက်ပါလို့ အရှေ့ကိုပဲမျှော်ရတော့မယ်
ဇူးရေ...............

ပိတောက်တွေ ခရေတွေ စိတ်ကူးလေးနဲ့
ခူးကြ ပန်ကြတာပေါ့
အခုချိန်မှာတော့ ဘဝပီသအောင်
ကိုယ့်စိတ်ကိုယ်ချိုး ရှေ့သို့ပဲရဲရဲတိုးကြရမယ်။

ဒါပေမဲ့.....
သူငယ်ချင်းရေ
ရွှေရောင်တောင်ပံနဲ့ ငါတို့အိမ်မက်တွေကို
ဘယ်လိုမျှားအစင်းစင်းနဲ့မှ ပစ်မချလိုက်ပါနဲ့
ဒို့တွေ အချိန်တန်ရင် အိမ်ပြန်ကြရမယ်လေ။

သူငယ်ချင်းရေ
မက်ဒေါနယ်နဲ့ ကိုကာကိုလာထက်
ကျစိမ့်တစ်ခွက်နဲ့ မုန်းဟင်းခါးကို
ငါတို့က ပိုချစ်တယ်...

ကမ္ဘာကျော် ဘယ်နေရာပဲဖြစ်စေ
ငါကတော့ TIME SQUARE ထက် အင်းယားကိုပိုချစ်တယ်
လွမ်းတယ်ဆိုတာ..ရင်မှာတမြေ့မြေ့လောင်တဲ့မီးတောက်ဆို
အဲ့သလို အလွမ်းတွေနဲ့

ငါရန်ကုန်ကိုလွမ်းတယ်.....

သူငယ်ချင်းရေ...
ဇူးရေ

မိုးတွေက မလိုတဲ့နေရာမှာ စွေလွန်းတယ်ဟာ
ခေတ်ကိုပဲအပြစ်တင်ရမလား စနစ်ကိုပဲအပြစ်တင်ရမလား
ဘဝဒိုင်သူကြီးရဲ့ ပွဲပီးခရာသံကိုပဲ
နားတစွင့်စွင့်နေလိုက်တော့တယ်။

အရုဏ်တစ်ခါလင်းတိုင်း
မှတ်မှတ်ရရရွတ်ဆို......
အချိန်တစ်ခုမှာ ငါတို့အိမ်ပြန်ကြရမယ်။

သူငယ်ချင်းရေ
"လဲနေသူထူပေးပါ အားငယ်သူအားပေးပါ"
ငါတို့ရင်နှီးခဲ့သမျှ စာသားတွေက
တချို့နေရာမှာ အသုံးချခွင့်မရရှာဘူး
အတ္တတွေ အရောင်ထူ လွန်းသကိုးကွဲ့။

နေညိုလာရင် ငါတို့မသိအောင်
ဆန္ဒတစ်ချို့တွေက အိမ်ခိုးခိုးပြန်ကြတယ်
တော်ရာမှာ ပျော်အောင်မနေနိုင်သူရဲ့
ဝဋ်နာကံနာ လို့သာဆိုကြပါစို့။

ဇူးရေ

သူငယ်ချင်းရေ

ချစ်ရေ...............

ခရီးကြမ်းမဟုတ်တဲ့ မာယာလမ်းမှာ
ငါတို့ယုံကြည်ချက်တွေ မျက်စိမလည်ကြေး
ငါတို့ ရင်မှာပျိုးထားတဲ့
အိမ်မက်တစ်ပွင့်ကို....ရှင်သန်ပါစေ
ကြီးထွားပါစေ....

ငါတို့တွေက
အချိန်တန်ရင် အိမ်ပြန်ကြရမယ်လေ...
အိမ်ပြန်ကြရမယ်
အိမ်ပြန်ကြရမယ်
အိမ်ပြန်ကြရမယ်
အိမ်ပြန်ကြ....
အိမ်ပြန်...
အိမ်.........
အိမ်.......
.........................
.............................
.............................................။

နုငယ်

Tuesday, March 1, 2011

ခွပ်ဒေါင်းဥဒါန်း

ကောင်းကျိုးအထွေထွေနဲ့
ဒေါင်းအိုးဝေတွန်တဲ့မြေမှာ
အကြောင်းအကြိုးတွေချော်ခဲ့ရလို့
သူကောင်းမျိုးတွေ ကြွေခဲ့ရပြီ ….


ထီးကျိုးစည်ပေါက်
ပလ္လင်ပေါ်မျောက်တက်လို့
ကျွန်ဖြစ်ခဲ့တာလည်းအတော်ကြာ
နွံနစ်ခဲ့တဲ့မြေမဟာ
အဖယ်ဆယ်ရမှာ သေချာပါတယ် ….


သေနတ်ပြောင်း ဘယ်လောက်မှန်မှန်
အမြောက်ဆံဘယ်လောက်ပြင်းပြင်း
မီးတွင်းထဲကခွပ်ဒေါင်း
မျက်စောင်းတ၀င့်ဝင့်နဲ့
ဆက်လက်ချီတက်နေတ
တွေဝေစရာမရှိ
ဘယ်နေရာမှာကြည့်ကြည့်တွေ့မယ် ….
 

အာဏာသူခိုး
လူတစ်ကာအငြိုးမကြေတဲ့
လက်နက်နဲ့စိန်ခေ
အလိမ်ပေါ်နေတဲ့သူတွေ
တိမ်ပေါ်အထိတက်နိုင်မလား ….


ခေတ်အဆက်ဆက်က
အနှစ်နှစ်အလလ
ထက်ထက်ရှရှ
တက်တက်ကြွကြွနဲ့
တွန်ကျူးခဲ့ခွပ်ဒေါင်းသံ
မိုးယံတစ်လွှားမှ
အမျိုးမှန်တဲ့အားတွေနဲ့
ဖွံ့ထွားရှင်သန်
တောင်ပံခတ်ရင်း
ခရီးပြင်းထဲက
ထကြွလို့ကြွေးကျော်
စိန်ခေါ်ချိန်ရောက်ဦးမယ် ….
 

စစ္စလီ

Wednesday, February 9, 2011

ပစက္ခကို သုံးသပ်ခြင်း

အတိတ်ဟာ
အရိပ်ဆိုတာ
မယုံချင်ပါဘူး ….

ဝေဒနာတွေက
ခံရတာကောင်းနေသေး
နေရောင်နုနုလေးတွေလိုပါပဲ ….

စစ္စလီဘဲတစ်ကောင်
ကြောင်တိကြောင်တောင်နဲ့
အခုထိ ရေစိုနေတာကို
တွေ့နေရတယ် ….

ညဖက်သာရမယ့် ငွေလမင်းက
နေ့လည်ခင်းကြီးမှာ အခန့်သားနဲ့ ….

ဝတုတ်လေးရဲ့
ပိန်ချင်တဲ့ ဆန္ဒက
အပြာရောင်ည မဟုတ်တာတော့
သေချာပါတယ် ….

ချယ်ရီ၊ နှင်းဆီ၊ သော်က
ပန်းတွေအားလုံးကတော့ မွှေးနေလေရဲ့ ….


ကိုပြာ

၉၊၂၊၂၀၁၁

Tuesday, January 11, 2011

"ရွှေရင်စို့"

"ရွှေရင်စို့"


ကလေးရေ..
တောအုပ်ကိုဖြတ်ကျော်ပြီးရင်..
ရှေ့မှာ
တောင်တန်းတွေရှိတယ်
တောင်တွေရဲ့ဟိုဖက်မှာတော့
ပင်လင်ပြင်ကြီးရှိပေတယ်၊


ကလေးရေ..
တောအုပ်တိုင်းမာယာမများသလို
တောင်တန်းဆိုတိုင်းမတ်စောက်တာမဟုတ်ပါဘူး၊


ပင်လယ်ကိုဖြတ်ကူး
ပြီးတဲ့အခါ
နူးညံ့တဲ့သဲမြေမွကမ်းခြေမှာ
အနားယူအပန်းဖြေခွင့်တော့ရှိရမှာပေါ့၊


ပညာဆိုတာ
စာသင်ခန်းတွေမှာသာ
သင်ကြားနိုင်တာမဟုတ်ပါဘူး


အချိန်အားရရင်
ကျောင်းမနေဖူးတဲ့
တောင်အာဖရိကသမ္မတကြီး
ဂျက်ကော့ဇူးမားအကြောင်းပြောပြမယ်၊


စတီဖင်ဟော့ကင်းဆိုတဲ့
သွက်ချာပါဒရောဂါသည်
ဒုက္ခိတသိပ္ပံပညာရှင်တစ်ယောက်အကြောင်းပြောပြမယ်၊


ကလေးရေ..
လောကဒဏ်ကို ပုန်ကန်ခြင်းဟာလည်း
ကြီးကျယ်တဲ့သူပုန်အလုပ်ပါပဲ


စစ်ပွဲထဲမှာ ငြိမ်းချမ်းရေးကိုရှာ
နေပူကိုဖြတ်ပြီးမှ အရိပ်စစ်ဆိုတာရောက်မှာ
ညစ်ညမ်းတဲ့ငွေတစ်ရာထက်
သန့်ရှင်းစင်ကြယ်တဲ့ငွေတစ်ကျပ်ကိုတန်ဖိုးထားပါ


ကလေးရေ..
အမိအဖကိုစောင့်ရှောက်ခြင်းနဲ့
အမှီအခိုကင်းစွာရှင်သန်ခြင်းဆိုတာ
မြင့်မြတ်သူတွေကျင့်ကြံတဲ့တရားပါ၊


မေတ္တာတရား သစ္စာဓါးနဲ့
ရှေ့ဆက်ပါ၊ ရှေ့ကိုဆက်ပါ


မရှိခိုးနိုးမလှစုန်းငြိုး
မျက်နှာကြီးရာဟင်းဖတ်ပါ
တဖက်စောင်းနင်းလူ့ဘုံကြီးမှာ
မနက်ဖြန်ဆိုတာ
မရောက်သေးတဲ့အနာဂတ်ပါ


ကလေးရေ..
မနက်ဖြန်ဆိုတာ
မရောက်သေးတဲ့အနာဂတ်ပါကွယ်…။
Ko Htut


******အရွယ်နဲ့မမျှ ဘ၀ကိုကြံ့ကြံ့ခံ အမိအဖကို ခေါင်းရွက်ဈေးရောင်းလုပ်ကျွေးနေသူ။ မိမိကိုယ်ကိုယုံကြည်မူအပြည့်ရှိတဲ့ မျက်နှာချိုအေး ဆက်ဆံရေးကောင်းသော မဲဆောက်ဈေးမှ အသက် ၁၄ နှစ်အရွယ်ကောင်မလေး “မ......” အတွက်ရည်ရွယ်ရေးဖွဲ့ပါတယ်။

Wednesday, December 29, 2010

နွေဦးခေါ်သံ

ဟောဒီ ကမ္ဘာပေါ်မှာ
နာနာကျင်ကျင်ဘ၀ ရှိသူတိုင်း
သမိုင်းကို ပြောင်းလဲပစ်ခဲ့ကြတယ်၊

လူဟာ
ချွေးတစက် ရင်းနှီးရင်
အပွင့်အသီး ညီညီမျှမျှပြန်ရနေဖို့၊

လူတဦးတယောက်ရဲ့ အသက်ရှူသံ
သူ့ကြမ္မာနဲ့ ယုံကြည်ချက်တွေအပေါ်
ဘယ်သူမှ မကျူးကျော်နိုင်ဖို့၊

အသိ အသက် ရှိတာခြင်း တူရင်
ဘယ်လူမျိုးကမှ
အခွင့်အရေး ပိုမယူကြဖို့၊

စစ်ဖိနပ်ထဲ ထိုးသွင်းထားတဲ့
အဟောင်းအမြင်း မှန်သမျှကို
ခေါင်းရင်းကနေ ကန်ချပစ်ကြရမယ်၊

ကျနော်တို့ဟာ
သမိုင်းရဲ့ ထုတ်ကုန်ပါပဲ
လူထုကို ယုံတယ်၊
ဒီမိုကရေစီကို ချစ်တယ်၊
အမျိုးသားသွေးစည်းညီညွတ်ရေးကို မြတ်နိုးတယ်။

ပြည်တွင်းစစ်
အနှစ် (၅၀)ကြီးထဲက
ကြေကွဲ သွေး ဘ၀ အသက်တွေ
ဒီမိုကရေစီ အရေးတော်ပုံကြီးထဲက
သူရဲကောင်းတို့ရဲ့ ၀ိဥာဉ်တွေကို ဦးညွတ်
အမျိုးသားထု လွတ်မြောက်ရေးအတွက်
စစ်အာဏာရှင် အဆက်ဆက်
ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ
တော်လှန်ရေးကို စိုက်ပျိုးပစ်ခဲ့ကြတယ်။

စစ်အာဏာရှင်တို့
ခင်ဗျားတို့ ဒိုင်ယာရီ စာအုပ်ထဲက
အဆီတရွှဲရွှဲ စာရင်းဇယားတွေဟာ
တိုင်းပြည် သယံဇာတများပဲ ဖြစ်တယ်၊

ခင်ဗျားတို့ နှုတ်ခမ်းက အပြုံးစဟာ
လူထု သက်ပြင်းချသံတွေ ဖြစ်တယ်၊

ခင်ဗျားတို့ မျက်လုံးထဲက အလင်းစဟာ
ကလေးတွေ ချွေချွေချခဲ့ရတဲ့
သွေးစ သွေးနများပဲ ဖြစ်တယ်၊

မီးလောင်ငုတ်တိုနဲ့ ပြာပုံထဲက
ကျည်ဆံခွံတွေကို မေးကြည့်ကြစမ်းပါ၊

လူ့အခွင့်အရေးဆိုတာ
စစ်ဖိနပ်နဲ့ နင်း နင်း ပေးဖို့လားလို့၊

စစ်အာဏာရှင်တို့
လူချင်း အတူတူ
ခင်ဗျားတို့ အသက်ပိုမရှူကြနဲ့၊

အဲဒီ ပိုရှူလိုက်တဲ့လေထဲမှာ
တံတားအနီ
ကတ္တရာအနီ
လွယ်အိတ်အနီတွေနဲ့
တနိုင်ငံလုံး
သွေးနဲ့မျက်ရည် ကျဆုံးခဲ့ရသော
ရှစ်လေးလုံး နေ့ရက်များ ပါတယ်၊

ကျောက်သင်ပုံးအကွဲနဲ့
‘၀’လုံး ရွဲ့စောင်းစောင်းတွေ ပါတယ်၊

နို့ရည်မဲ့
ကွဲအက် နှုတ်ခမ်းတွေ ပါတယ်၊

မြေမြုပ်မိုင်း အရိုင်းအစိုင်းကြောင့်
ခြေတပိုင်းပြတ်သွားတဲ့ ကလေးမလေး ပါတယ်၊

ခွေးလို ထဟောင်တဲ့ သေနတ်ကြောင့်
မျက်စေ့ တဖက်လပ်နဲ့ ကောင်လေး ပါတယ်၊

ယမ်းနံ့နဲ့ သဲ့သဲ့ ရှိုက်သံကြား
ပန်းဦး ကြွေသွားတဲ့ ကောင်မလေး ပါတယ်၊

မြေကြီးနဲ့ တောတောင်ကို ချစ်တဲ့
မျှစ်စို့တွေ ချိုးဖဲ့ ခံရသလိုမျိုး
ကျိုးပျက်သွားတဲ့ မိသားစုတွေ ပါတယ်၊

ငွေစက္ကူထဲ
ကိုယ့်ဘ၀ကိုယ်ပြန်ရှာရင်း
အဖျားအနာ ထူပြောနေတဲ့ လူထုတွေ ပါတယ်၊

အဲဒီ
ခင်ဗျားတို့ ပိုရှူလိုက်တဲ့လေထဲမှာ
စစ်အကျဉ်းထောင်တွေထဲက
သေကွဲ ရှင်ကွဲ ရဟန်းရှင်လူ
ကျောင်းသူကျောင်းသားတွေ ပါတယ်၊

နောက်ဆုံး
ခင်ဗျားတို့ ပိုရှူလိုက်တဲ့ လေထဲမှာ
သာသနာ့အလံတော် သွေးစွန်းလို့
စက်တင်ဘာ တလလုံး ပွန်းပဲ့ပေးလိုက်ရတယ်၊

ဟောဒီခေတ်ဟာ
လူထုကို အချစ်နဲ့ တိုင်းတာတဲ့ခေတ်၊

အသွေး အသား အသက် အသိ ရှိတဲ့ လူက
အသိ အသက် အသား အသွေး ရှိတဲ့ လူတွေအပေါ်
အမြော်အမြင်နဲ့ စောင့်ရှောက်တဲ့ခေတ်၊

မျိုးဆက်သစ်နဲ့ မြေကမ္ဘာ ကျန်းမာရေးအတွက်
လူ့အမြင် လူ့အတွေး
လူ့ရပ်တည်ရေးနဲ့ ကြမ္မာဟာ
လွတ်လပ်စွာ ပျံသန်းနိုင်တဲ့ ခေတ်၊

တူညီမျှတတဲ့
ဘ၀ ဘ၀ချင်း အသက်ရှူသံတွေကြား
အမျိုးသား သွေးစည်ညီညွတ်မှုတို့
မြင့်မြင့်မြတ်မြတ် ဖူးပွင့်နိုင်တဲ့ ခေတ်လေ၊

ဟိုး တောင်တန်းမှာ ငြိမ်းချမ်း မွှေးရီ
ချယ်ရီပွင့်တွေကလည်း
ကျနော်တို့ဘ၀ပဲ မဟုတ်လား၊

ဘုရားကျောင်းက ခေါင်းလောင်းသံတွေ
တောင်ဇလပ်မြေမှာ လှုပ်ခတ်
ကျနော်တို့အားလုံး ချစ်မြတ်နေကြတယ်၊

သလိုပဲ
သဇင်ခက်တွေရဲ့ ဓလေ့ရိုးရာ
ကျနော်တို့ အသက်ရှူသံထဲမှာ ပါတယ်၊

မနောမြေက
နိုးထလာတဲ့ ဧရာဝတီဟာ
ဘ၀များစွာရဲ့ ပင်မရေစီး
အပွင့်အသီးတွေ ဖြစ်ထွန်းစေခဲ့တယ်လေ၊

ရာဇ၀င်ရေးရုပ်ပုံ
သုဝဏ္ဏဘူမိ ရင်ခုန်သံ စည်းချက်တို့
ဟောဒီ အသွေးအသားထဲ ခရီးဆက်နေကြ
ဖားစည်သံတွေကလည်း
ဇွဲကပင်မြေမှာ နိုးထ
ဟောဟိုက ကန္နိရီ ကိန္နရာ မောင်နှံဟာ
ကျနော်တို့ကို ရင်ခုန်မြန်စေခဲ့ပေါ့၊

(တိုင်းရင်းသား ညီအကိုတို့)
အချစ်နဲ့ တိုးဝင်တဲ့စိတ်ဟာ
အလှဆုံး အရိပ်တွေ ကြဲဖြန့်ထားတဲ့အတိုင်း
သမိုင်းသစ်ကို ဖြစ်ထွန်းစေခဲ့တာပဲ မဟုတ်လား၊

ကျနော်တို့ အတူ သွားကြမယ်၊
ကျနော်တို့ အတူ စားကြမယ်၊
ကျနော်တို့ အတူနေ
တနိုင်ငံလုံးက လေကို မျှဝေရှူကြမယ်၊

ဟောဒီ
အမျိုးသားရေး နယ်နိမိတ်ပေါ်မှာ
အာဏာရှင် မှန်သမျှ
ဘယ်တော့မှ ခြေချခွင့် မရရေးအတွက်
ကျနော်တို့ လက်တွေ
မြဲမြဲ ချိတ်ထားကြရမယ်၊

ကျနော်တို့ ရင်ခုန်သံတွေ
မှန်မှန်ကန်ကန် ကူးစက်နေရမယ်၊

ကျနော်တို့ အင်အားတွေ
များများစားစား ညီညွတ်ထားရမယ်၊

ကျနော်တို့ စိတ်ဓာတ်တွေ
မြင့်မြင့်မြတ်မြတ် ပျံသန်းနေရမယ်၊

ပြည်တွင်းစစ်
အနှစ် (၅၀) ကြီးထဲက
ကြေကွဲ သွေး အသက် ဘ၀တွေ
ဒီမိုကရေစီ အရေးတော်ပုံကြီးထဲက
သူရဲကောင်းတို့ရဲ့ ၀ိဥာဉ်တွေကို ဦးညွတ်
အမျိုးသားထု လွတ်မြောက်ရေးအတွက်
စစ်အာဏာရှင်တွေ နှိပ်စက်လို့
ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ
တော်လှန်ရေးကို စိုက်ပျိုးခဲ့ကြပြီပဲ။

ဘ၀ ရှိရင်
အသိအမြင် မွေးထုတ်
ကြမ္မာဆိုးကို ပုတ်ချပစ်နိုင်တာ
လူသားပဲ ရှိတယ်။

လူတယောက်ဟာ
ဘ၀နဲ့ အသက် ရှင်သန်ဖို့
လွတ်လပ် မှန်ကန်တဲ့ အသိအမြင် ရှိတယ်။

ကိုယ့် အတွေးအမြင် အတောင်အလက်ဟာ
ကိုယ့် အသက်ရှူသံ
ဘယ်သူ့ထံမှ အစီရင်ခံစရာ မလိုဘူး၊

ဥပဒေရဲ့ အထက်မှာ
ဘယ်သူမှ မရှိစေရသလို
လူ့အတွေးအမြင်ပေါ်မှာ
ဘယ်လို အမိုးအကာမှ မလိုပါဘူး။

လူဟာ
အဲဒီ အတွေးအမြင်နဲ့ပဲ
ကိုယ့် မိသားစု ကိုယ့် နိုင်ငံ
ကိုယ့် ကမ္ဘာမြေ ဒုက္ခ သုက္ခတွေကို
လှလှပပ ခုတ်ထွင် ရှင်းလင်းနိုင်ခွင့် ရှိတယ်။

သစ်စေ့ဟာ
မြေကြီးထဲ ငိုကြွေးနေကြတာ မဟုတ်ဘူး၊

အကိုင်းအခတ်တွေနဲ့ ရွက်လွှင့်ဖို့
ကောင်းကင်ကို ဆွဲဖွင့်နေကြတာ။

သစ်တပင်ရဲ့
အမြစ်နဲ့ အကိုင်းအခတ်တွေဟာ
(အဲဒီသစ်ပင်အတွက်တော့)
သမိုင်းဆိုင်ရာ စွမ်းဆောင်ချက်တွေပဲဖြစ်တယ်၊

အမြစ်တွေက နက်နက်တူး
အကိုင်းအခက်တွေက မြင့်မြင့်ပျံ
ဒါ သူ့ တော်လှန်ရေး မဟုတ်ဘူးလား၊

သမိုင်းတခေတ်ဟာ
အပွင့်အဖူးတွေနဲ့ ဖြစ်ထွန်းလာဖို့
နိုင်ငံတိုင်း
နောက်ခံကားချပ်တွေနဲ့
အနာဂတ်ကို တွန်းဖွင့်ခဲ့ကြရပေါ့၊

ဟေ့
စစ်အာဏာရှင်တွေ အဆက်ဆက်
ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ
တော်လှန်ရေးကို စိုက်ပျိုးထားကြ၊

ကျနော်တို့ အသိအမြင်တွေကို
အသွေးအသားတွေထဲ နက်နက်တူးဆွ
ယုံကြည်ချက်တွေနဲ့ မြင့်မြင့် ပျံကြ၊

ဘ၀ အမှောင်မှာ
လ ရောင် မသာတာကို မြင်တွေး
တော်လှန်ရေး အသိနဲ့ ပေါင်းစပ်ကြည့်ရမယ်၊

မြေကြီးမှန်ရင်
အသီးအနှံကောင်း ထွက်တာပဲလေ၊

တော်လှန်ရေးဟာ
ကျနော်တို့ မြေကြီး အစစ်
နိုင်ငံတော်သစ်ဆီ အရောက်သွားဖို့
သစ္စာတရားနဲ့  မြင်းတကောင်ဖြစ်တယ်၊

ဟိုးက ကောင်းကင်ပေါ်မှာ
နွေဦးဟာ ကျနော်တို့ကို စောင့်နေပါ့၊
လာခဲ့ကြတော့
လာခဲ့ကြတော့ ဟေ့ တဲ့

အာရုဏ်ဦးမှာ
နှင်းဆီ တထောင် ခူးဆွတ်
နိုင်ငံတော်သစ်ကို ဦးညွတ်ဖို့အတွက်
နွေဦးခေါ်သံဟာ
ထိုး ထွက် လာခဲ့ပြီ။ ။

နေဇော်နိုင်

Sunday, December 19, 2010

နှုတ်ဆက်ခြင်း


- လေသန့်
  အလင်းသစ်နဲ့
  ပျံသန်းခြင်းတွေရှိတဲ့
  သူတွေအားလုံး လှနေတယ်

- နေရာတိုင်းမှာ အေးနေတဲ့
  ဒီဇင်ဘာက
  သနပ်ခါးကျောက်ပြင်ပေါ်မှာ
  ပူနေလေရဲ့

- မြန်ဆန်လှတဲ့
  ဖြတ်သန်းမှုက
  ခပ်ကောင်းကောင်းဘဲလို့
  သိလိုက်ရတယ်

- နုပျိုခြင်းနဲ့ အတူ
  ကုန်ဆုံးသွားတဲ့
  နေ့ခင်းလေပြင်းတွေကို
  နှုတ်ဆက်လိုက်တယ်

- ပျော်ပါစေ  အချစ်ရယ်.
  ပျော်စေချင်တယ်
  လမင်းရေ ...

  ကိုပြာ
       ၁၄၊ ၁၂၊ ၂၀၁၀

Saturday, October 16, 2010

NLD Statement -October 14, 2010 (Unofficial Translation)

National League for Democracy
No. 97/b, West Shwegondaing Street
Bahan Township, Rangoon

(Unofficial Translation)

Letter No. 045(Org) 10/10
October 14, 2010
To
State/Division Organizational Committees
Township Organizational Committees
Central Women Working Committee
Youth Working Committee
National League for Democracy



Subject:           Legal procedure for the existence of National League for Democracy

1.      The National League for Democracy is a political party that has been legally registered according to the Political Party Registration Law (No. 4/88).
2.      The NLD was declared dissolution as it had not registered again according to the Political Party Registration Law (No. 2/2010).
3.      The NLD filed a lawsuit on its dissolution according to the Political Party Registration Law (No. 2/2010) at the Supreme Court with the Case Number 63/2010 of General Civil Lawsuit and it has been waiting for hearing of the Court.
4.      The NLD, hence, has been attempting for its legal status and be informed that the NLD has not yet been dissolved under the session 25 of the Political Party Registration Law (No. 2/2010).



(Signed)
        U Tin Oo
Vice Chairman
National League for Democracy

Wednesday, September 1, 2010

လွတ်လပ်စွာ လွမ်းခြင်း

လွတ်လပ်စွာ လွမ်းခြင်း

သောင်းရင်းနားက အချစ်တွေ
ပုဂံက အလှတွေ...

ပန်းတွေနဲ.
ကိုငြိမ်း ...

တောင်ပြုံးက
ရွှေတလေးနဲ. ကိုတင်မြင့် ...

နတ်မောက်က သမိုင်းတွေ ...
ရန်ကုန်က အမျိုးတွေ ...

အင်္ဂလန်က ကရင်တွေ ...
သြစီက မိချောင်းတွေ ...

ငါ့ရင်ထဲက
တီကောင်တွေ ...

နေပြည်တော်က
သရဲတွေ ...

မဲဆောက်က
ERI ပအိုပ်ဘုရင် ငထွဌ် ကျော်လင်းနဲ.
အကာလိကော ...

ကျောင်းသားဆေးခန်းက
ကျော်ဟိန်းနဲ. လူနာတွေ ...

ပဲခူးက ဖိနပ်ပျောက်နေတဲ့
ကောင်မလေးနဲ. ရဲဘော်ကြီးဆန်နီ

အာလုံးကို လွမ်းနေတယ်
ယုခိုင်ရေ ....

ကိုပြာ (September 1, 2010)

Handbook on Election Monitor_Burmese

Handbook on Election Monitor_Burmese_in PDF

Wednesday, August 11, 2010

ကျမတို့လေလံပွဲ


ကျမတို့လေလံပွဲ 
 
ခမ်းမ မှောင်မှောင်မဲမဲ
ဒစ်စကိုမီးရောင်တွေ အံကျ
နားနဲ့ မဆန့် တဲ့ အသံတွေ ပြုတ်ကျ...
ကျမ ဘ၀မှာ....
မျက်စိရှုပ်တယ်ဆိုတာ မရှိဘူး
နားကြားပြင်းကပ်တာ မရှိဘူး
ခြေကိုလှုပ် ခေါင်းကိုလှုပ်
စီးမျှောပစ်လိုက်

မေ့သွားတယ်..
မနက်က အမေတောင်းတဲ့ ဆန်ဖိုးကိုမေ့သွားတယ်...
အငယ်ကောင်တောင်းတဲ့ ကျောင်းအုပ်ဆရာမကြီးကို ကန်တော့ဖို.မေ့သွားတယ်..
မေ့သွားတယ်..
အဖေတောင်းတဲ့ အရက်ဖိုးကို မေ့သွားတယ်..
မမေ့ သေးတဲ့ အရာတွေကို အတင်းမေ့ဖို မေ့သွားတယ်....

ဒါဟာ တဏှာ ကုန်စည်ပြပွဲတစ်ခုပေါ့ ..
အသွေးသား ကြော်ငြာ တစ်ချပ်ပေါ့...
ရာဂ လေလံတင်ပွဲ တစ်ခုပေါ့...
ကဲ အသွေးအသား စားပွဲထိုးတွေရေ...
ဝီစကီပြင်းပြင်းလေး တခွက်လောက်..

ဒေါ်အောင်ဆန်းစုကြည်ဆုံးဖြတ်ချက်..
မှားမှား၊ မှန်မှန် မပြောမိဘူး..
ကျမက ဥရောပက စကော်လာကျောင်းသားမှ မဟုတ်ပဲ...

ဒီမိုကရေစီလား...
မသိဘူး....
အမေရိက ကို ပရိုပိုဆယ်တင်မယ့် အထဲမှာ မှ မပါပဲ....

စီးပွားရေးပိတ်ဆို့ မှုလား..
ကန်ကွက် ကြိုဆို ဘာမှ မလုပ်ဘူး..
အီးဂရက် သင်တန်းဆင်းမှ မဟုတ်ပဲ...

ဒုက္ခသည်မူဝါဒ၊ လွတ်လပ်တဲ့ အတွေး ..
ယဉ်ကျေးသော လူ့ အဖွဲ့ အစည်း..
နားမလည်ဘူး...
အောက်စ်ဖိုဒ်မှာ နှစ်နှစ်သင်တန်း တက်ပြီး..
အန်ဂျီအိုရာထူးနဲ ဗမာပြည်ပြန်လာမယ့်..
ပညာရှင်မှ မဟုတ်ပဲ..

အချုပ်အခြာ အာဏာ။ ပြည်ထောင်စု မပြိုကွဲရေး ...
ငါးပိရည်လိုပဲ ငန်တူးနေသလား...
စီးပွားရေးလုပ်ငန်းတွေအားလုံးမောင်ပိုင်စီးထားတဲ ..
ဗိုလ်ချုပ်ကြီးတွေရဲ့ မိသားစုဝင်တစ်ယောက်မှ မဟုတ်ပဲ...

ဘာမှ မှ မဟုတ်ပဲ
ဘာဆို ဘာမှ မဟုတ်ပဲ...

ကျမဆုတောင်းက ......
ဒီတစ်ည ခိုနားဖို့ ရင်ခွင်တစ်ခု ရှိပါစေ....
အဲ့ဒီ့ ရင်ခွင်မှာ သူရာရည်တွေ စိုရွှဲ မနေပါစေနဲ ....
သားရိုင်းတိရစ္တာန်တွေ သောင်းကျန်းမနေပါစေနေဲ ....
တွန့်ကြေနေတဲ့ အိပ်ယာလေးပေါ်...
လူလိုသူလို ပျော်တော်ဆက်ခွင့်ရပါစေ...
ညနက်နက်နဲ အာရုဏ်ဦးကြား က
ငရဲခန်းမှာ ....
ကျမ တမှေးလောက်ဖြစ်ဖြစ် မှေးလိုက်နိုင်ပါစေ..
အမေ့ဆန်ဖိုး
အဖေ့အရက်ဖိုး......
ကျမ ကူသလောက်နဲ ...
လုံလောက်ပါစေ

ရန်ငိမ်းအောင်

Friday, August 6, 2010

၂၂ နှစ် - ၈၈

၂၂ နှစ် - ၈၈

မနေ.ကလိုဘဲ
အိပ်ယာကနှိုးပြီး
မျက်နှာမသစ်ရသေးရ သလို...
ခံစားနေရတာ...

မတရားမှုတွေကို
၈၈ မှာဘဲ တော်လှန်ခဲ့တယ် ...

ဘ၀တွေကို
၈၈ မှာဘဲ ပေးဆပ်ခဲ့ကြတယ် ...


ကျနော်တို.အားလုံး
၈၈ မှာဘဲ တယောက်ကို တယောက်
နားလည်ခဲ့ကြတယ်...

အခု ၈၈ - ၂၂
အသစ်ဘာမှ ဖြစ်မလာသေးတာ
ကျနော်ဘဲ မျက်နှာ
မသစ်ရသေးလို.လားဗျာ...

ကိုပြာ..
Friday, August 06, 2010

Wednesday, July 21, 2010

ကဗျာရိုင်း (၂)


 









ကဗျာရိုင်း ()

အသက်ရှုသံ မှားလောက်တဲ့
ရင်ခုန်သံ ရှုးသွပ်မှုတွေ အောက်မှာ
အချစ်များစွာကို ပေါက်ဖွားလို့
အသက်ထက် မကတဲ့
ပေးဆပ်ခြင်းတွေနဲ့အတူ
ယုံကြည်မှု အစွန်းရောက်ခဲ့လို့
သူ့တစ်ယောက်ကလွဲပြီး
အရာအားလုံးကို
မျက်ကွယ်ပြုခဲ့တဲ့
စုံလုံးကန်း မျက်လုံးတွေနဲ့
သူ့စကားလည်း
ကိုယ့်အသွေးအသားပဲဆိုတော့
ချောက်နက်ကြီးထဲ
ဆင်းသက်ခဲ့ရတာတောင်
ဒီမျက်နှာပေါ်က အပြုံး
အလုပ်လုပ်နေတုန်း ......
Cherry Phyo
last Friday

Wednesday, July 14, 2010

မင်းအလှည့်


မင်းအလှည့်

ဘာပြောပြော
မင်းအပြုံးကို စည်းထဲကသူတွေ
အားလုံး သိတယ် ....

ပန်းတွေကြွေ
ငါးတွေသေ
ဌက်တွေပါ လေ ခဲ့တာလေ ...

ဆီးသီးသည်ကို
ချဉ်တာ အပြစ်ပြောလို.
မရဘူးဆိုတာ .....

သစ်ရွက်စိမ်းလေးကို 
စီးနေတာနဲ.
အားလုံး ပြီးသွားမှာလား ...

အသွား အပြန်ဆိုတာ
အလျား အနံနဲ.တော့
မဆိုင်ဘူး ....

ဘာဘဲဖြစ်ဖြစ်
ငါပြီးရင်
မင်းဘဲနော် ညီမလေး .....

ကိုပြာ
July 14, 2010



Tuesday, July 13, 2010

မိုးရွာရင်


မိုးရွာရင်

ဖြစ်တည်မှု တခုဟာ အစဦးထဲက သေချာခဲ့ရင်
ပြောချင်တာတွေကို ပြောလိုက်ပါတယ်...

အတိတ်ဆိုတာ အဝေးမှာလို. ဘယ်သူကပြောလဲ
အတိတ်က အရိပ်လိုဘဲလေဗျာ ...

လူသားဆန်တယ်ဆိုတာ မလွန်ဆန်နိုင်တာဘဲ ထင်ပါရဲ.
သူ.ကိုဘဲချစ်မိနေပါသည်ပေါ့ ....

တခါတလေကြရင် အနာတွေက
ယားယားလာတယ်ထင်တာပါဘဲ ...

အော် လောကဓံ လောကဓံ ပြောပြန်ရင်လည်း
ဆင်ဖြူရှင်လွန်ရာကြတော့မယ် .....

ဖြစ်တည်မှု အတိတ် လူသားဆန်မှု ယားနာ ဆင်ဖြူရှင်ကြီး
သူတို.တွေက ဒေါ်အုန်းမြင့်သားတွေလားဗျာ ...

မုန်.ဟင်းခါး အချက်ကောင်းရုံးလောက်နဲ.
အမေလို.တော့ မခေါ်ချင်ပါဘူး ...

ကျနော်ကို အဓိကချစ်တတ်ဖို.
ယားနာနဲ.တော့ မဆိုင်လောက်ပါဘူးနော်။

ကိုပြာ
July 13, 2010

Saturday, July 10, 2010

ပြုံးခြင်းသီအိုရီ

ပြည့်ပြီး ပြုံးနေတဲ့
မျက်နှာတွေ အခုတလော
အတော်ရှားနေတယ်နော် ....

မပြည့် တပြည့်နဲ. ရုန်းနေတဲ့
ပြုံးနေသူတွေလည်း ရှိနေကြလေရဲ. ...

ဘာမှန်းမသိဘဲ
ငလုံးတို. ငဖုန်းတို.လို
ပြုံးနေသူတွေလည်း ရှိနေကြလေရဲ. ...

အရူံးတွေ အမုန်းတွေ
ပေးလိုက်ရပေမယ့်
ပြုံးနေတဲ့ သူတွေလည်းရှိတာပါဘဲ ....

ကိုယ်လည်း ပြုံးကို ပြုံးရမယ်
ငွေလမင်း အတွက်ပေါ့ကွယ် ...


ကိုပြာ
Saturday, July 10, 2010

ဌက်မကြီးရဲ. အလှ


ကောင်းကင်ကြီးက
ပြာပြီးလှနေတယ် နေရောင်ခြည်က
မေ့နေတာ ကြာတော့ အားနာမှုနဲ.ပေးလှထားလေရဲ.

အဲဒီနေ.ကပေါ့
ဌက်မကြီးတကောင်
လွတ်မြောက်သွားတယ်

ဆူညံနေတဲ့ ရှေးရိုး
ပလပ်စတစ် ပုံကြီးထဲ
ဘ၀အတွက် ၂၀ ကျော်နေရတာတဲ့

ဘိုင်ဘိုင် သက်တဲ့
ပန်းသီးတလုံး ကျေနပ်တဲ့ အပြုံးနဲ.ပေါ့
ထူးထူးခြားခြား လှလှကြီးကို ဖြစ်နေတာ

လွတ်မြောက်ခြင်း ဆိုတာ
လှလိုက်တာဗျာ ..
ကျနော်လည်း လှချင်နေပြီး ....

ကိုပြာ
sealapak - Mel - aus (July 9, 2010)

ကဗျာပေါင်းချုပ် (ဒဂုန်တာရာ) စာဖတ်ခန်း

Wednesday, June 9, 2010

Pamphlet for DASSK 65th Birthday

Pamphlet for DASSK 65th Birthday                                                              

Thursday, May 27, 2010

မာနယ်ပလော

Oad to Maneplaw2